Cialis Sale
Cialis Dream Online
Generic Cialis Online
Where To Buy Viagra In London
Buy Discount Viagra

ရသစာပေနှင့် စာဖတ်ပရိသတ်

ကျွန်တော်သည် အလုပ် မရှိသော သမီးအငယ်ဆုံး အတွက် မိမိ နေထိုင်သော ရပ်ကွက်အတွင်းမှာ စာအုပ် အငှားဆိုင် ကလေး တစ်ဆိုင် ဖွင့်ပေးခဲ့ပါသည်။ စာအုပ်ဆိုင်တွင် ကာတွန်း ရုပ်ပြစာအုပ်များ၊ လျှို့ဝှက်ဆန်းကြယ်၊ ဂမ္ဘီရဆန်း ကြယ်၊ဂမ္ဘီရ လောက၊ဂမ္ဘီရ အမြုတေ၊တစ္ဆေသူရဲဝတ္ထု များ၊ဟာသ ၀တ္ထုများ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ လုံးချင်းဝတ္ထုများ၊ပညာ ပေးသုတရသ စာပေ စာအုပ်များ၊ တက်ကျမ်း စာအုပ်များ အပြင် ဘာသာရေးဆိုင်ရာ စာအုပ်များ လည်း တင်ထားပါသည်။ ဘာသာရေး စာအုပ်များကိုတော့ စာဖတ်သူများ အတွက် အခမဲ့ ဓမ္မဒါန ငှားရမ်းပါသည်။

လုံးချင်း ၀တ္ထုများတွင် ယခင်နှစ်ပေါင်း များစွာက ထုတ်ဝေခဲ့ပြီးဖြစ်သောကျွန်တော် စုဆောင်းထားသည့် ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီးငွေဥဒေါင်း(ကြီးမောင်)၊ ဒဂုန်ရွှေမျှား၊ ဆရာကြီးပီမိုးနင်း၊ ဆရာပါရဂူ၊ ရန်ကုန်ဘဆွေ၊ ဦးနု၊ သခင်မြသန်း၊ မြသန်းတင့်၊ အောင်လင်း၊ကျော်အောင်၊ တက္ကသိုလ်ဘုန်းနိုင်၊ နန္ဒာ သိန်းဇံ၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)၊မိုးမိုး (အင်း လျား)၊မောင်သိန်းဆိုင်၊ ချစ်ဦးညို၊ ဂျူး၊လယ်တွင်းသား စော ချစ်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ကောင်းသန့်၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ မမိုးမြေ၊ နေနွယ်ဇင်မြင့်၊ ပုဏ္ဏမီ၊ မိုမို (ဆေးတက္ကသိုလ်)၊ နီကိုရဲ၊ လွန်းထားထား၊ ရှင်မိုး (ဆေးတက္ကသိုလ်)၊ ပုညခင်၊ မနော်ဟရီ၊ မင်းလူ၊ အိုမာဆမ်၊ အိုစွမ်းပြည့်၊ မြပုလဲခင်၊ မြပုလဲသွယ်၊ ခင်ဦးခင်ခင်၊ မဟူရာ (လွိုင်ကော်)၊ မီကိုဇူးဇင်၊ နိုကိုဇူး ဇင်၊ ဆုမြတ်မွန်မွန် စသည့် ယနေ့ နာမည်ရ စာရေး ဆရာကြီးများနှင့် စာရေး ဆရာမများ အဖြစ် လုံးချင်းစာအုပ်မျိုးစုံကိုလည်း သူ့နေရာနှင့် သူ စနစ်တကျ တင်ထားပါသည်။ ဘာသာပြန်ဆိုလျှင်လည်း ဆရာမြသန်းတင့်၊ အထောက်တော်လှအောင်၊ မောင်ပေါ်ထွန်း၊ မြတ်ငြိမ်း၊ မောင်ထွန်းသူ၊ တင်မောင်မြင့် ၊မမိုး၊ ဟိန်းလတ်၊ လှမိုး (ပညာရေး) စသည့် စာအုပ်များကလည်း သူ့နေရာနှင့်သူ ရှိနေပါသည်။

ဂမ္ဘီရ လျှို့ဝှက်ဆန်းကြယ် ၀တ္ထုများကို ရေးသား ထုတ်ဝေကြသော စာရေးဆရာများ ဖြစ်ကြသည်။ သတိုးတေဇ၊ ဒဿကျော်စွာ၊ သျှင်မ၊ဒေ၀ီ၊ မင်း စက္က၊ တြိစက္က၊ တြိသိင်္ခ၊ နန်းကြော့ရှင်၊ ရွှေဘ၀င်၊ဒေ၀တာ၊ ဒေ၀စကြာ၊ မင်းမကိုဋ်၊ ဘုန်းမီးနေလ၊ သက်မင်းဂျူလိုင်၊ နိုင်ဗိမာန်၊ မောင်ညိုမှိုင်း (သံလျင်)၊ ဇလွန် ကျော်ဦး၊ နေစိုးသော်၊ မင်းကံသာ စသည့် စာအုပ် အမျိုးအစားများကိုလည်း သူ့နေရာနှင့်သူ သီးသန့် ထားရှိပါသည်။ (၎င်းစာအုပ် များမှာ အငှားရဆုံး စာအုပ်များ ဖြစ်ပါ သည်။)

ကလေးသူငယ်များ အတွက် ပုံပြင် စာအုပ်များ ဖြစ်ကြသည့် ဆရာကြီး မင်းသုဝဏ်၏ ပုံပြင် စာအုပ်များ၊ဆရာ မင်းယုဝေ၊ ဆရာမကြီး ဒေါ်နုယဉ်နှင့် အခြား ပုံပြင်စာအုပ်များ၊ ကာတွန်း ရုပ်ပြများ အပြင် ရတနာပန်းခင်း မဂ္ဂဇင်း၊ ပူတူးတူးလေး၊Happy Time ၊ ပလုတ်တုတ်၊ ကစ်ဇုံ (Kids Zone)၊ ဂျူနီယာ (Junior) စသည့် ကလေးစာပေ စာအုပ်များ သူ့နေရာနှင့်သူ။ ဟာသ စာအုပ်များ အဖြစ် အကြည်တော်၊ အချော့တော်၊ ဗျူး၊ ကိုရွှေတောသား၊ ပဉ္စမံဒီရိုင်း၊ ကောင်းထိုက်၊ ဂျက်(ကွမ်းခြံ ကုန်း) စသည့် ဟာသဆန်သော စာအုပ်များလည်း ရှိပါသည်။

တစ်နေ့တစ်နေ့လျှင် စာအုပ်ငှားသူ ၅၀ခန့် ရှိပါသည်။တချို့စာအုပ်ဆိုင်ကြီးများ ဆိုလျှင် အုပ်တစ်ရာကျော်ခန့် ငှားရကြောင်း သိရပါသည်။ ကလေးများမှအစ လူငယ်၊ လူလတ်၊ လူကြီး၊ယောက်ျား၊ မိန်းမအစုံ လာငှား ကြပါသည်။ ကျွန်တော်သည် ဆိုင်သိမ်းပြီးလျှင် စာအုပ်စာရင်းတွင် စာအုပ်ဘယ်နှစ်ဦး လာငှားသလဲ။ ဘယ်လို စာအုပ်အမျိုး အစားတွေ လာငှားကြသလဲ။ နေ့စဉ် စိစစ် ကြည့်ပါသည်။

ကလေး လူငယ်များကတော့ ကာတွန်း ရုပ်ပြပုံပြင်နှင့် ကလေးမဂ္ဂဇင်းများ ငှားတတ်ကြသည်။ လူလတ်ပိုင်းများ ကတော့ ဟာသ၊ဂမ္ဘီရ၊ ဆန်းကြယ်ဝတ္ထုများ၊ လူကြီးတချို့ကတော့ လျှို့ဝှက်ဆန်းကြယ်၊ ဂမ္ဘီရ၊ သရဲတစ္ဆေ၀တ္ထုများ အငှားများကြ တာကို တွေ့ရပါသည်။ စာအုပ်ငှားဖတ်သူ များထဲတွင် ယောက်ျား ပရိသတ်ထက် မိန်းမ ပရိသတ်က ပိုငှားတာကို တွေ့ရပါသည်။Quality မဂ္ဂဇင်းများ ဖြစ်ကြသော၊ Perfect မဂ္ဂဇင်း၊ သရဖူမဂ္ဂဇင်း၊ Beauty၊ Beauty Max၊ Faces (မုခမဂ္ဂဇင်း) ၊Fashion Image ၊ရတီစသည့် မဂ္ဂဇင်းများမှာ ရသစာပေထက် အမျိုးသမီး ကျန်းမာရေး၊ အလှအပ၊ ဖက်ရှင် အရုပ်များ၊ အိမ် ထောင်ရေးနှင့် အမျိုးသမီး ဘ၀ ပညာပေးများက ပိုများသဖြင့် ရသစာပေ ဖတ်သူများ အတွက် ဖတ်စရာ အားနည်းသဖြင့် ထင်သလောက် မငှားရပေ။Fashion Image မဂ္ဂဇင်း စာအုပ်တန်ဖိုးမှာ သုံးထောင်ပတ် ၀န်းကျင်ခန့် ရှိ၍ စာအုပ်အငှားဆိုင်များတွင် အရင်းပြန် မရတတ်သဖြင့် တချို့ဆိုင်များ မတင်ကြပါ။

ရသစာပေ အများဆုံး ပါဝင်ကြသည့် ရွှေအမြုတေ မဂ္ဂဇင်း၊ ရုပ်ရှင် တေးကဗျာ၊ ရုပ်ရှင် အမြုတေ၊ မဟေသီ၊ ကလျာ၊ ချယ်ရီ မဂ္ဂဇင်းများမှာ အသင့်အတင့် ငှားရပြီး စာအုပ်ဖိုး ကြေရုံလောက် ရှိပါသည်။ ရသ စာပေ၊ ဆောင်းပါး ကောင်းကောင်း ဖတ်ချင် သူများကတော့ ဒေါင်းစာပေတိုက် ထုတ် အတွေးအမြင် မဂ္ဂဇင်းကို ကိုယ်ပိုင်ဝယ်ယူ ဖတ်ရှု သိမ်းဆည်းထားကြသည်။ တခြား မဂ္ဂဇင်းများဖြစ်ကြသည့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊မြန်မာသစ်၊ ရနံ့သစ်၊ စတိုင် သစ်၊ဟန်သစ် မဂ္ဂဇင်းများမှာလည်း စာသမားများ အတွက် အကြိုက် တွေ့နိုင် သော်လည်း အငှားပရိသတ် အတွက် အားနည်းနေပါသည်။

ယနေ့ ရသစာပေနှင့် နှီးနွယ်နေသော လုံးချင်း ၀တ္ထုများ၊ မဂ္ဂဇင်းများထက် သရဲ တစ္ဆေ၀တ္ထုများ၊ ဂမ္ဘီရလျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းများ (ဥပမာ-သူရဇ္ဇ၊ ဂမ္ဘီရ၊ ရောင် ပြန်၊ လပြည့်ဝန်း၊ နက္ခတ္တရောင်ခြည်၊ သိဒ္ဓိစုံ၊ မနုစာရီ၊ ၀ိဇ္ဇာ)စသည့် မဂ္ဂဇင်းများက အရောင်းသွက် အငှားလိုက် နေကြသည်ကို တွေ့ရသည်။ ဘာကြောင့် ရသစာပေပိုင်းမှာ အဖတ် ငှားနည်းပြီး အပျော် ဖတ်စာပေဖြစ်သည့် ဟာသစာပေများ၊ သရဲတစ္ဆေ၊ ဂမ္ဘီရ၊ ဆန်းကြယ် ၀တ္ထုများက အငှားအဖတ်များ နေရသနည်း။ ၉-၁၀-၂၀၀၈ နေ့ထုတ် စောင့်ကြည့် သတင်းဂျာနယ်တွင် ကာတွန်းဆရာ ဆရာငွေကြည်က“ဈေးကွက်သရဲ တွေက သရဲကားတွေ၊ သရဲဝတ္ထုတွေ ထုတ်နေကြလို့ သရဲဈေးကွက် ဖြစ်သွားပြီ” ဆိုပြီး ကာတွန်းနဲ့ သရော်ထားတာတွေ့ရ သည်။



Site Search

Cover of This Month

Main Features

နောက်ဆုံး ဖတ်ရှုစရာများ

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Advertisements